Posts

Showing posts from August, 2017

How to find W.C.B & Distance by using scientific calculator

Image
Coordinate နှစ်ခုကြားက W.C.B & Distance ကို ရှာရတာ လွယ်ကူပါတယ် ။ စာရွက်တစ်ရွက်ပေါ်မှာ ချတွက်လို့လဲ ရ နိုင်သလို Coordinate နှစ်ခု ထည့်ပေးလိုက်တာနဲ့ အဖြေထုတ်ပေးနိုင်တဲ့ Mobile Software တွေလဲ အများကြီး ရှိပါတယ် ။ အခု ပြောမယ့် အကြောင်းအရာကတော့ Scientific Calculator သုံးပြီး ရှာပုံရှာနည်းကို ပြောပြသွားမှာပါ ။ အမှတ်နှစ်ခုကြားက Distance ဆိုတာကတော့ ရှင်းပါတယ် ။ တန်ဖိုးတစ်ခုပဲ ရှိနိုင်တာပါ ။ W.C.B(Whole Circle Bearing) ကတော့ နှစ်ခု ရှိပါတယ် ။ အမှတ် A မှ အမှတ် B ကို ညွှန်ပြတဲ့ W.C.B နဲ့ အမှတ် B ကနေ အမှတ် A ကို ညွှန်ပြတဲ့ W.C.B ဆိုပြီးတော့ပါ ။ Calculator က Polar Function ကို သုံးတဲ့အခါ Northing,Easting ထည့်ပေးတဲ့အပေါ်မူတည်ပြီး တန်ဖိုးတွေ ထွက်လာမှာပါ ။