Total Station အသုံးပြု၍ Level ပေးခြင်း

Total Station အသုံးပြု၍ Level တိုင်းတာဟာ Level စက်ကို သုံးတာလောက် စိတ်မချရပါဘူး ။ Level တိုင်းဖို့အတွက်ပဲ အထူးပြုထားတဲ့စက်ဟာ Level တိုင်းတဲ့နေရာမှာတော့ အကောင်းဆုံးပါပဲ ။ ဒါပေမယ့်လဲ တစ်ခါတစ်လေ သိပ်ပြီး တိကျစရာမလိုတဲ့အခါမျိုး၊ Level စက်မရှိတဲ့အခါမျိုးတွေမှာတော့ Total Station ကို အလွယ်တကူ အသုံးပြုလို့ ရပါတယ် ။ တစ်ချို့ကလဲ VPM သုံးပြီး တိုင်းကြသလို နည်းလမ်းအမျိုးမျိုးလဲ ရှိကြမှာပါ ။ အခုနည်းလမ်းကတော့ လေ့လာကာစ Junior Surveyor တွေအတွက် အလွယ်ကူဆုံး ဖြစ်မယ်ထင်ပါတယ် ။
ပထမဆုံး မူလ Level အမှတ်နဲ့ မိမိပေးလိုတဲ့နေရာ နှစ်ခုစလုံးကို မြင်ရတဲ့နေရာမှာ Station Set-up အရင်လုပ်ပါ ။ Backsight ကြည့်စရာလဲ မလိုသလို Instrument Height လဲ တိုင်းစရာ မလိုပါဘူး ။ မူလ Level အမှတ်ရှိတဲ့နေရာမှာ Prism ထောက်ပြီး Data Collect လုပ်ပါ (Prism Height ကို 0 ထားပြီးမှ ဖတ်ပါ) ။ NEZ ပေါ်လာပါလိမ့်မယ် ။ Level ပေးမှာ ဖြစ်တဲ့အတွက် Z တန်ဖိုးကိုပဲ ကြည့်ဖို့လိုပါလိမ့်မယ် ။ Z တန်ဖိုးမှာ ကိန်းဂဏန်း တစ်ခုခုပေါ်နေပါလိမ့်မယ် ။ မူလ Level အမှတ်ဟာ 5m အမြင့်ရှိတယ်ဆိုရင် Prism Height မှာ ဂဏန်းတစ်ခုခုထည့်ပေးပြီး Z တန်ဖိုး 5m ပေါ်လာအောင် လုပ်ပါ ။ ဥပမာ - Z တန်ဖိုးက 3.162m ဆိုပြီး ပေါ်နေမယ်ဆိုရင် 5m လို့ ပေါ်စေချင်တဲ့အတွက် 3.162-5=-1.838 ရပါမယ် ။ Prism Height နေရာမှာ -1.838 လို့ ထည့်ပေးပြီး ပြန်ဖတ်ကြည့်ပါ ။ Z တန်ဖိုးက 5m ဖြစ်နေပါလိမ့်မယ် ။ ဒါဆိုရင် မိမိလိုချင်တဲ့နေရာကို Level ကူးယူလို့ရပါပြီ ။ Prism ထောက်လိုက်တာနဲ့ အမြင့်တန်ဖိုးကို ရလာမှာ ဖြစ်သလို မိမိလိုချင်တဲ့ တန်ဖိုးရလာအောင် Prism ကို လိုအပ်သလို အနိမ့်အမြင့် လုပ်ပေးခြင်းအားဖြင့် လွယ်လွယ်ကူကူ ရလာမှာ ဖြစ်ပါတယ် ။


Comments

Popular posts from this blog

အခြေခံ Level တိုင်းတာခြင်း

GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်