Posts

Showing posts from April, 2017

Surveying စာအုပ်ပါ

မြန်မာလိုရေးသားထားတဲ့ Survey စာအုပ်ပါ၊ Surveyor in Myanmar Facebook Group က နေမှ တဆင့် ကူးယူတင်ပြခြင်းဖြစ်ပါသည်၊ ပထမဦးစွာ မူရင်း တင်ပေးသူ၊ ရေးသူ၊ ပံပိုးသူ အားလုံးကို ကျေးဇူးတင်ပါတယ်၊ Survey ပညာရပ်မှာ တိုးတက်ကြပါစေ၊

Traverse တိုင်းတာပုံ နည်းစနစ်များ

Image
Traverse သုံးမျိုး ရှိပါတယ် ။ Open Traverse, Closed Traverse နဲ့ Closed-loop Traverse ပါ ။ Known Point တစ်ခုမှ စတင်တိုင်းတာလာပြီး Unknown Point တစ်ခုမှာ အဆုံးသတ်တဲ့အခါ Open Traverse လို့ ခေါ်ပါတယ် ။ Known Point တစ်ခုမှ စတင်တိုင်းတာလာပြီး အခြား Known Point တစ်ခုမှာ အဆုံးသတ်တဲ့အခါ Closed Traverse လို့ ခေါ်ပါတယ် ။ Known Point တစ်ခုမှ စတင်တိုင်းတာလာပြီး အဆိုပါ Known Point မှာပဲ အဆုံးသတ်တဲ့အခါမှာတော့ Closed-loop Traverse လို့ ခေါ်ပါတယ် ။ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုလို နေရာမျိုးမှာ Close-Loop Traverse ပြုလုပ်တိုင်းတာရန် လိုအပ်ပြီး ၊ လမ်းလုပ်ငန်းတစ်ခုလို နေရာမျိုးမှာ ဆိုရင်တော့ Open Traverse ဖြစ်စေ Closed Traverse ဖြစ်စေ ပြုလုပ်တိုင်းတာရန် လိုအပ်မှာ ဖြစ်ပါတယ် ။   Open Traverse ဖြစ်စေ ၊ Closed Traverse ဖြစ်စေ စတင်တိုင်းတာရာကနေ Error ညှိတဲ့အထိ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ဘယ်လိုနည်းစနစ်မျိုးနဲ့ တိုင်းတာမယ်ဆိုတာကို Surveyor က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။ ဆုံးဖြတ်တဲ့ နေရာမှာ ကိုယ့်ကို အလုပ်အပ်လာတဲ့ အလုပ်ရှင် ၊ ဆိုဒ်ရဲ့ အနေအထား ၊ ဆိုဒ်ရဲ့ အခြေအနေ ၊ မိမိမှာ ရှိတဲ့ အချိန်နဲ့ စက်ပစ္စည်းတွေပေါ် မူတည်ပြီး ဆုံးဖြ

GPS Surveying တိုင်းတာမည့် နည်း နာမည်လေးတွေပေါ့

Image
GPS surveying တစ်ခု တိုင်းတာတော့မယ်ဆိုရင် ကိုယ် တိုင်းတာမည့်နည်းတွေကို Surveyor က Site ပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာပါ၊ ဘယ် နည်းနဲ့ တိုင်းမယ် ဘယ်လို Processing လုပ်မယ် ဘယ်နည်းတိုင်းမှ လိုချင်တဲ့ Result ကောင်းကောင်းရမယ်ဆိုတာကို ကြိုတင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊ ဆုံးဖြတ်တဲ့ နေရာမှာ ကိုယ်ကို အပ်တဲ့ အလုပ်ရှင်၊ Site ရဲ့ လိုအပ် ချက် တွေပေါ်မူတည်ပါတယ်၊ အောက်မှာတော့ ဘယ်လိုနည်းနဲ့ တိုင်းလို့ရတဲ့ နာမည်လေးတွေ ရေးပေးထားပါတယ်၊ နည်းပညာသဘောအရ ထပ်ထပ်လဲ အသစ်တွေ ပေါ်လာပါတယ် အခုကတော့ လက်လမ်းမှီသလောက်ဖေါ်ပြချင်ပါတယ်၊ (၁)  Autonomous လို့ ခေါ်ပါတယ်၊ အဲ့ဒီ တိုင်းတာနည်းကတော့ surveyor က ချက်ချင်း site ရဲ့ တည်နေရာကို အကြမ်းဖျဉ်း သိချင်တဲ့ အခါမှာ Handheld GPS လို ဖုန်း GPS လိုမျိုးနဲ့ ဖွင့်ပြီး ဒေတာကောက်လိုက်တာမျိုးပါ၊ Accuracy ကတော့ မကောင်းနိုင်ပါဘူး၊ အကြမ်းဒေတာကောက်တဲ့ အခါတွေမှာ လိုအပ်ရင် အပ်သလိုသုံးတဲ့ နည်းပေါ့၊ (၂) Static  နာမည်ကျော်နည်းပေါ့ static ထိုင်တယ်လို့ ပြောကြပါတယ်၊ GCP တခုံကနေတခုံပွားတဲ့နေရာတွေမှာ နောက် Traverse ထိုင်တဲ့ အခါတွေ၊ Control ပြန်လုပ်မယ့် ခုံတွေ အတွက

GPS Height

Image
GPS လို့ လူသိများတာပါ၊ နောက်ပိုင်း GPS survey စက်တွေကတော့ GPS တွေ Glonass တွေ ခေါင်းပေါ်မိသမျှ Navigation Satellites တွေ ဖမ်းနိုင်နေကြတော့ GNSS လို့ ခေါ်ကြပါတယ်၊  GPS စက်ကတိုင်းပေးလိုက်တဲ့ အမြင့်က Ellipsoidal အမြင့်ဖြစ်ပါတယ်၊ သူက Orthometric Height မဟုတ်ပါဘူး၊  အဲ့ဒါက တကယ့် Topo surface မဟုတ်တဲ့ အတွက် GPS ကရတဲ့ Height တန်ဖိုးတွေကို Ortho Height တွေ ပြောင်းပေးဖို့လိုပါတယ်၊  GPS စက်တွေဝယ်တုန်းက ပါလာတဲ့ software မှာပါလာတက်ပါတယ်၊ မပါလာလဲ အပြင်မှာချိန်းယူရပါတယ်၊ သိရမှာက EGM (Earth Gravitational Model) ကရတဲ့ အမြင့်တန်ဖိုးပါ၊ Photo Credit EGM96 ကိုသုံးလို့ရသလို EGM2008 ကိုသုံးလဲ ရပါတယ်၊ ဒီမှာတော့ EGM2008 နဲ့ တွက်ပြပါမယ်၊ လက်တွေ့ အနေနဲ့ ဟားခါးမြို့က GPS Point တစ်ခုကိုတွက်ပြပေးပါမယ်၊ ဟားခါးမြို့ အ၀င်မှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ ဟားခါးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်နှင့် အထက် ၆၁၂၀ ပေဖြစ်ပါတယ်၊ ဟားခါးမှာ ကျွှန်တော်တို့ GPS station တစ်ခုရှိပါတယ် အဲ့ဒီစက်ရဲ့ တည်နေရာနဲ့ အမြင့်ကို တွက်လိုက်တော့အောက်က ပုံ အတိုင်းရတယ်။ ကျွှန်တော်

GNSS Processing Services

Image
           မင်္ဂလာပါ၊  PnP Scan ကနေ ပေးမယ့် Service တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်၊ GPS Surveying နဲ့ ပါတ်သက်ပြီး Planning နဲ့ Processing လုပ်ပေးတာပါ၊  လူကြီးမင်းတို့ တိုင်းလာတဲ့ GPS data ကို အမှန်ကန်ဆုံး Error အနည်းဆုံး ဖြစ်အောင်တွက်ပေးတာပါ၊  Online ကနေ ပို့ပေးရုံပါပဲ၊ လိုအပ်ချက်အရ  report ကို ထုပ်ပေးမှာဖြစ်ပါတယ်၊ GCP ခုံတခုကနေ နောက်တခုံကို ပွားယူဖို့ဆိုရင်၊ Know ခုံကနေ ပွားယူမည့် နောက်တစ်ခုံကို GPS စက်ပြိုင်တူထိုင်ပြီး၊  ချက်ချင်း Software နဲ့ တွက်တာ အမှားအရမ်းများပါတယ်၊ လွယ်လွယ်နဲ့ Observation control လုပ်မည့် GCP ခုံကို မပွားယူသင့်ပါဘူး၊  လိုအပ်တဲ့ orbit ဖိုင်တွေ nav ဖိုင်တွေ တွက်ချက်ရာမှာ ဖယ်လို့ရတဲ့ error source အသေးစပ်ကို ဖယ်ထုပ်ပြီး တွက်နိုင်လေ အမှားနည်းပြီး၊ Confidence level မြင့်တဲ့ result ရမှာ ဖြစ်ပါတယ်၊  အဲ့ဒီလို အသေးစိပ် တွက်ရမှာ အလုပ်ရှုပ်တယ် အပြင် ကို တွက်ခိုင်းလိုက်မယ်ဆိုရင်၊ ကျွှန်တော်တို့ PnP Scan ကို သတိရလိုက်ပါ၊ Email (သို့) Facebook (သို့) Phone ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်၊  လူကြီးမင်းတို့ Project ရဲ့ GPS

PnP Scan Professional Surveying and Mapping Services in Myanmar

Image
PnP Scan  Professional Surveying and Mapping Services in Myanmar အားလုံးပဲ မင်္ဂလာပါ PnP Scan ရဲ့ ပေးမယ့် services လေးတွေကို ရေးထားတဲ့ Products ပုံလေးပါ၊ နောင်ပေးမယ့် လမ်းကြောင်းလေးလဲ ဖြစ်ပါတယ်၊ အခုလက်ရှိ Company အဆင့် တက်လမ်းဖို့အတွက် အစပျိုးနေတာရယ်၊ တခြားပြင်ဆင်စရာလေးများ လုပ်နေတဲ့ အတွက် ၂ လ၊ ၃ လ၊ခန့် ပြင်ဆင်ပြီးမှ Products အားလုံး service ပေးနိုင်ဖို့ ကြိုးစားနေပါတယ်၊ အခု လက်ရှိမှာတော့ Engineering Survey များ၊ Topographic Survey များ၊ GPS surveying များကိုတော့ မေလ မှာ စတင် ၀န်ဆောင်မှူပေးနိုင်တော့မှာပါ၊ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။