Traverse တိုင်းတာပုံ နည်းစနစ်များ

Traverse သုံးမျိုး ရှိပါတယ် ။ Open Traverse, Closed Traverse နဲ့ Closed-loop Traverse ပါ ။ Known Point တစ်ခုမှ စတင်တိုင်းတာလာပြီး Unknown Point တစ်ခုမှာ အဆုံးသတ်တဲ့အခါ Open Traverse လို့ ခေါ်ပါတယ် ။ Known Point တစ်ခုမှ စတင်တိုင်းတာလာပြီး အခြား Known Point တစ်ခုမှာ အဆုံးသတ်တဲ့အခါ Closed Traverse လို့ ခေါ်ပါတယ် ။ Known Point တစ်ခုမှ စတင်တိုင်းတာလာပြီး အဆိုပါ Known Point မှာပဲ အဆုံးသတ်တဲ့အခါမှာတော့ Closed-loop Traverse လို့ ခေါ်ပါတယ် ။ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုလို နေရာမျိုးမှာ Close-Loop Traverse ပြုလုပ်တိုင်းတာရန် လိုအပ်ပြီး ၊ လမ်းလုပ်ငန်းတစ်ခုလို နေရာမျိုးမှာ ဆိုရင်တော့ Open Traverse ဖြစ်စေ Closed Traverse ဖြစ်စေ ပြုလုပ်တိုင်းတာရန် လိုအပ်မှာ ဖြစ်ပါတယ် ။ 
Open Traverse ဖြစ်စေ ၊ Closed Traverse ဖြစ်စေ စတင်တိုင်းတာရာကနေ Error ညှိတဲ့အထိ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ဘယ်လိုနည်းစနစ်မျိုးနဲ့ တိုင်းတာမယ်ဆိုတာကို Surveyor က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။ ဆုံးဖြတ်တဲ့ နေရာမှာ ကိုယ့်ကို အလုပ်အပ်လာတဲ့ အလုပ်ရှင် ၊ ဆိုဒ်ရဲ့ အနေအထား ၊ ဆိုဒ်ရဲ့ အခြေအနေ ၊ မိမိမှာ ရှိတဲ့ အချိန်နဲ့ စက်ပစ္စည်းတွေပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပါ ။ အောက်မှာတော့ တိုင်းတာပုံ နည်းစနစ်တွေနဲ့ တိုင်းလို့ရမယ့် နည်းလမ်းလေးတွေကို ရေးပေးထားပါတယ် ။ လိုအပ်ချက် တစ်ခုတစ်လေ ရှိကောင်းရှိမှာ ဖြစ်သလို မတူညီတဲ့ နည်းလမ်းနဲ့ အမြင်တွေလဲ ရှိနိုင်ပါတယ် ။ အတတ်နိုင်ဆုံး ပြည့်စုံအောင် ကြိုးစားထားပါတယ် ။
(၁) Manual Calculation ဖြင့် Error ညှိခြင်းပါ ။ Bowditch’s Method နဲ့ Transit Rule ဆိုပြီး အသုံးများကြတဲ့ သီအိုရီ နှစ်ခုရှိပါတယ် ။ Bowditch’s Method ကတော့ Traverse လိုင်းရဲ့ အလျား (Example – Perimeter) အပေါ်မှာ အခြေခံပြီး တွက်ချက်တာပါ ။ Transit Rule ကတော့ Total Northing, Total Easting ပေါင်းလာဒ်တွေပေါ်မူတည်ပြီး တွက်ချက်တာ ဖြစ်တဲ့အတွက် Angle Adjustment အနည်းအကျဉ်း ပါဝင်ပြီးသား ဖြစ်တဲ့အတွက် သာမန်လုပ်ငန်းမျိုးတွေမှာဆိုရင် Angle Adjustment သက်သက် ထပ်လုပ်စရာ မလိုတော့ပါဘူး ။ အထက်ပါ နည်းလမ်းနှစ်ခုကို အသုံးမပြုခင် Angle Adjustment သက်သက် လုပ်ထားမယ်ဆိုရင် ပိုမိုကောင်းမွန်တိကျတဲ့ Result တစ်ခုကို ရရှိမှာပါ ။ Manual နည်းရဲ့ အားသာချက်ကတော့ Accuracy ကောင်းကောင်းရရှိအောင် ပြုလုပ်နိုင်ခြင်းပါပဲ ။ စ ၊ လယ် ၊ ဆုံး ကိုယ့်ခြေကိုယ့်လက်နဲ့ တွက်ချက်တာဖြစ်တဲ့အတွက် ဘယ်နေရာမှာ ဘာတွေ မှားနိုင်တယ်ဆိုတာကို သိရှိနိုင်ခြင်းပါပဲ ။ အားနည်းချက်ကတော့ အချိန်ယူရခြင်းနဲ့ အတွက်အချက် အားနည်းတဲ့လူအတွက် အမှားများနိုင်ခြင်းပါပဲ ။
(၂) Software Calculation ဖြင့် Error ညှိခြင်းပါ ။ Software နဲ့ တွက်ချက်တဲ့ အပိုင်းမှာတော့ မိမိသုံးမယ့် Software ပေါ်ပဲ မူတည်ပါတယ် ။ လူသုံးများတဲ့ Civil 3D, Civil Cad လို Software မျိုးနဲ့လဲ တွက်ချက်လို့ရသလို Magnet Office Site လို Software တွေလဲ အသုံးပြုလို့ ရပါတယ် ။ လိုအပ်တဲ့ Data တွေထည့်ပေးပြီး ကလစ်ကလေး တစ်ချက်နှစ်ချက် ခေါက်လိုက်ရုံနဲ့တင် အချိန်တိုအတွင်းမှာ Result တစ်ခုကို ရလာမှာပါ ။ အားနည်းချက်ကတော့ License Version ဝယ်သုံးမယ်ဆိုရင် ဈေးနှုန်းကြီးမြင့်ခြင်းပါပဲ ။ Crack Version တွေမှာလဲ Traverse Adjust လုပ်လို့ရပေမယ့် Report ထုတ်လို့တော့ မရပါဘူး ။ မိမိအသုံးပြုမယ့် Software ကို ကျွမ်းကျင်ဖို့တော့ အထူးလိုအပ်ပါတယ် ။
အထက်ပါ နည်းလမ်းတွေဟာ Field ထဲမှာ တိုင်းတာပြီးလို့ Calculation လုပ်တဲ့အခါမှ အသုံးပြုရတာပါ ။ Field ထဲမှာ တိုင်းတာတဲ့အခါ လုပ်ဆောင်ရတာတွေ ရှိပါသေးတယ် ။ Calculation လုပ်တဲ့အခါ မိမိ အသုံးပြုမယ့် နည်းစနစ်အပေါ်အခြေခံပြီး လိုအပ်မယ့် အချက်အလက်တွေကို Field ထဲမှာ တိုင်းတာရတာပါ ။ ဒါကြောင့်လဲ Calculation လုပ်မယ့် နည်းစနစ်တွေကို အရင်ပြောရခြင်း ဖြစ်ပါတယ် ။ Field ထဲမှာ တိုင်းတာတဲ့အခါ သတိထားရမယ့် အချက်တွေနဲ့ နည်းစနစ်တွေကို ဆက်သွားကြရအောင် ။
(က) တွက်ချက်မှုပြုလုပ်မယ့် နည်းစနစ်ပေါ်မူတည်ပြီး တိုင်းတာရပါတယ် ။ Manual နည်းနဲ့ တိုင်းတာမယ်ဆိုရင် ဘယ်လိုတိုင်းတာလာတဲ့ အချက်အလက်ကို မဆို တွက်ချက်နိုင်ပေမယ့် Software ပိုင်းမှာတော့ အသုံးပြုမယ့် Software ပေါ်မှာ မူတည်ပါတယ် ။ Coordinate Data ရမှ တွက်လို့ရတာ ရှိသလို ၊ Angle, Distance တွေပါဝင်တဲ့ Raw Data နဲ့မှ တွက်ချက်လို့ ရတာလဲ ရှိပါတယ် ။ နှစ်မျိုးလုံးရတဲ့ Software တွေလဲ ရှိပါတယ် ။
(ခ) အထူးသတိထားရမှာကတော့ Instrument Error ပါပဲ ။ တိုင်းတာမှုမပြုလုပ်ခင် မိမိအသုံးပြုမယ့် စက်ပစ္စည်းတွေကို Error အရင်စစ်သင့်ပါတယ် ။ သို့မှသာ ကောင်းမွန်တဲ့ Accuracy ကို ရရှိမှာ ဖြစ်ပါတယ် ။ Error ကင်းတဲ့စက် မရှိပါဘူး ။ Permissible Error ဖြစ်/မဖြစ် စစ်ဆေးရမှာပါ ။
(ဂ) အရေးအကြီးဆုံးနဲ့ နောက်ဆုံးအချက်ကတော့ တိုင်းတာမယ့် Surveyor ရဲ့ကျွမ်းကျင်မှုပါပဲ ။ စေ့စေ့စပ်စပ် သေသေချာချာ တိုင်းတာဖို့နဲ့ အတွေ့အကြုံကောင်းတွေ ရှိဖို့ လိုအပ်ပါတယ် ။ မိမိ Helper အပေါ်မှာလဲ အကောင်းဆုံးဦးဆောင်ပြီး ခိုင်းနိုင်တဲ့သူမျိုးဖြစ်ဖို့ လိုအပ်ပါတယ် ။
ကြော်ငြာလေးလဲ ဝင်ပါရစေ ၊ Traverse တိုင်းတာခြင်း အပါအဝင် Survey လုပ်ငန်းအမျိုးမျိုးကို PnP Scan မှ ကျွမ်းကျင်မှုကို အလေးထားပြီး ဝန်ဆောင်မှုပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ ။ ကျေးဇူးတင်ပါတယ်။



Comments

Popular posts from this blog

Total Station အသုံးပြု၍ Level ပေးခြင်း

အခြေခံ Level တိုင်းတာခြင်း

GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်