GPS Height
GPS လို့ လူသိများတာပါ၊ နောက်ပိုင်း GPS survey စက်တွေကတော့ GPS တွေ Glonass တွေ ခေါင်းပေါ်မိသမျှ Navigation Satellites တွေ ဖမ်းနိုင်နေကြတော့ GNSS လို့ ခေါ်ကြပါတယ်၊
GPS စက်ကတိုင်းပေးလိုက်တဲ့ အမြင့်က Ellipsoidal အမြင့်ဖြစ်ပါတယ်၊ သူက Orthometric Height မဟုတ်ပါဘူး၊
အဲ့ဒါက တကယ့် Topo surface မဟုတ်တဲ့ အတွက် GPS ကရတဲ့ Height တန်ဖိုးတွေကို Ortho Height တွေ ပြောင်းပေးဖို့လိုပါတယ်၊
GPS စက်တွေဝယ်တုန်းက ပါလာတဲ့ software မှာပါလာတက်ပါတယ်၊ မပါလာလဲ အပြင်မှာချိန်းယူရပါတယ်၊
သိရမှာက EGM (Earth Gravitational Model) ကရတဲ့ အမြင့်တန်ဖိုးပါ၊
EGM96 ကိုသုံးလို့ရသလို EGM2008 ကိုသုံးလဲ ရပါတယ်၊
ဒီမှာတော့ EGM2008 နဲ့ တွက်ပြပါမယ်၊
လက်တွေ့ အနေနဲ့ ဟားခါးမြို့က GPS Point တစ်ခုကိုတွက်ပြပေးပါမယ်၊
ဟားခါးမြို့ အ၀င်မှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ ဟားခါးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်နှင့် အထက် ၆၁၂၀ ပေဖြစ်ပါတယ်၊
ဟားခါးမှာ ကျွှန်တော်တို့ GPS station တစ်ခုရှိပါတယ် အဲ့ဒီစက်ရဲ့ တည်နေရာနဲ့ အမြင့်ကို တွက်လိုက်တော့အောက်က ပုံ အတိုင်းရတယ်။
ကျွှန်တော် GPS ကရတဲ့ Ellipsoidal က ၁၈၃၂.၇၀၄ မီတာပါ၊ ပေပြန်ဖွဲ့ရင် ၆၀၁၂.၈၀၈ ပေလောက်ရှိပါတယ်၊ (တစ်မြို့လုံးအတွက် အမြင့်မဟုတ်ပါဘူး ကျွန်တော် GPS စက်နေရာရဲ့ တန်ဖိုးကိုပြောတာပါ။)
ပုံသေနည်းကတော့
Ortho H = Ell. H - EGM. H
EGM တန်ဖိုးကိုတော့ အောက်က link ကယူပါတယ်၊
EGM2008 = - ၅၀.၁၁၁၁ မီတာ
Ortho H = ၁၈၃၂.၇၀၄ - (-၅၀.၁၁၁၁)
Ortho H = ၁၈၈၂.၈၁၅၁ မီတာ (၆၁၇၇.၂၁၅ ပေ) ရပါတယ်၊
ဟာခါးမြို့မှာရှိတဲ့ ကျွှန်တော့် GPS station ရဲ့ တကယ့် topo အမြင့်ဟာ ၆၁၇၇ ပေခန့် ရှိပါတယ်၊
Comments
Post a Comment