GPS Surveying တိုင်းတာမည့် နည်း နာမည်လေးတွေပေါ့

GPS surveying တစ်ခု တိုင်းတာတော့မယ်ဆိုရင် ကိုယ် တိုင်းတာမည့်နည်းတွေကို Surveyor က Site ပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာပါ၊ ဘယ် နည်းနဲ့ တိုင်းမယ် ဘယ်လို Processing လုပ်မယ် ဘယ်နည်းတိုင်းမှ လိုချင်တဲ့ Result ကောင်းကောင်းရမယ်ဆိုတာကို ကြိုတင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊
ဆုံးဖြတ်တဲ့ နေရာမှာ ကိုယ်ကို အပ်တဲ့ အလုပ်ရှင်၊ Site ရဲ့ လိုအပ် ချက် တွေပေါ်မူတည်ပါတယ်၊ အောက်မှာတော့ ဘယ်လိုနည်းနဲ့ တိုင်းလို့ရတဲ့ နာမည်လေးတွေ ရေးပေးထားပါတယ်၊ နည်းပညာသဘောအရ ထပ်ထပ်လဲ အသစ်တွေ ပေါ်လာပါတယ် အခုကတော့ လက်လမ်းမှီသလောက်ဖေါ်ပြချင်ပါတယ်၊
(၁)  Autonomous လို့ ခေါ်ပါတယ်၊ အဲ့ဒီ တိုင်းတာနည်းကတော့ surveyor က ချက်ချင်း site ရဲ့ တည်နေရာကို အကြမ်းဖျဉ်း သိချင်တဲ့ အခါမှာ Handheld GPS လို ဖုန်း GPS လိုမျိုးနဲ့ ဖွင့်ပြီး ဒေတာကောက်လိုက်တာမျိုးပါ၊ Accuracy ကတော့ မကောင်းနိုင်ပါဘူး၊ အကြမ်းဒေတာကောက်တဲ့ အခါတွေမှာ လိုအပ်ရင် အပ်သလိုသုံးတဲ့ နည်းပေါ့၊
(၂) Static  နာမည်ကျော်နည်းပေါ့ static ထိုင်တယ်လို့ ပြောကြပါတယ်၊ GCP တခုံကနေတခုံပွားတဲ့နေရာတွေမှာ နောက် Traverse ထိုင်တဲ့ အခါတွေ၊ Control ပြန်လုပ်မယ့် ခုံတွေ အတွက် ထိုင်ကြပါတယ်၊ အချိန် နဲနဲ ယူပြီး (၄) နာရီနဲ့ အထက်ကြာအောင် တိုင်းတာကြပါတယ်၊
(၃) Fast Static  တူတူပါပဲ Static  နဲ့ Fast ပါသွားတော့ အချိန် သိပ်မကြာပဲ Static ဖွင့်ထားတဲ့ သဘောပေါ့၊ (၈) မိနစ်ကနေ (၂၀) မိနစ်ထိ ထိုင်ကြပါတယ်၊ တစ်ခုသတိထားရမှာက စက်တစ်လုံးနဲ့ တစ်လုံး အကွာအဝေးပါ၊ Know GCP က ပွားမဲ့ ခုံ က ၁၂ ကီလိုမီတာထက် ပို မဝေးသင့်ပါဘူး၊ 
(၄) Post Processed Kinematic ဒီနည်းကိုတော့ PPK နည်းလို့ သိကြပါတယ်၊ RTK မဟုတ်ပါဘူး RTK  က Processing လုပ်စရာမလိုပါဘူး၊ PPK ကတော့ Processing လုပ်ရပါတယ်၊ တိုင်းတာတဲ့ အခါမှာတော့  PPK က Radio link  တွေ ဘာတွေ ထောင်စရာမလိုပါဘူး၊ Terrain ကြမ်းတဲ့ အခါမျိုးတွေ အဆောက်အအုံများတဲ့ မြို့ထဲလိုနေရာမျိုးတွေမှာ  RTK က Radio မိဖို့ခဲရင်းပါတယ်၊ (3G တို့ ဘာတို့ မသုံးဘူးဆိုလျှင်) ဒီနေရာမှာ PPK ကတော်တော် အသုံးဝင်ပါတယ်၊ Base ကနေ့ ၁၀ ကီလိုမီတာ အတွင်းပဲ တိုင်းသင့်ပါတယ် ဝေးရင်တော့ တွက်မရပါ၊ တစ်ချို့ GPS instrument တွေမှာ PPK option မပါဝင်ပါဘူး၊
(၅) Real Time Kinematic (RTK)  နာမည်ကျော်နည်းပါပဲ သူရဲ့ ကောင်းကွက်ကတော့ အများကြီးပါပဲ Real Time ရတော့ stake out ချ တဲ့နေရာမှာဖြစ်ဖြစ်၊ topographic ဆာဗေးတွေမှာဖြစ်ဖြစ် Base နဲ့ Rover Link  မိပြီး Fixed ဖြစ်နေရင် စင်တီမီတာ accuracy နဲ့ မြန်မြန် တိုင်းနိုင်ပါတယ်၊ 
(၆) Networked RTK အများသိတာကတော့ VRS ပေါ့ လွယ်လွယ်ပြောရရင်တော့ Rover တွေမှာ SIM ကတ်ထည့်ရမယ်ပေါ့ နောက် VRS service ပေးတဲ့ company တစ်ခုခုရဲ့  Computer စနစ်မှာ ချိတ်မိနေမယ် Service ပေးတဲ့ company ရဲ့ GPS စက်ကလဲ ကိုယ်တိုင်းမယ်နေရာရဲ့ (၇၀) ကီလိုမီတာအတွင်းရှိနေမယ်ဆို ကိုယ်ပိုင် Base ထောင်စရာမလိုပဲ Rover နဲ့  တိုင်းနေရုံပါပဲ၊ မြန်မာမှာတော့ မရှိသေးပါဘူး လုပ်နေတဲ့ Company တော့ရှိပါတယ်၊ နောင်တော့ ဖြစ်လာမှာပေါ့၊ (အသေးစိပ်ရှင်းထားတာမဟုတ်ပါ နောက်မှ ဆက်ရေးပါဦးမည်)


ကြော်ငြာလေးလဲ ၀င်ပါရစေ၊ အထက်က နည်းတွေနဲ့ တွက်တာတွေကို ဘယ်လိုတိုင်းတာရမည်ဆိုတာကို ဆုံးဖြတ်ရခက်နေမယ်ဆိုရင် PnP Scan က GPS surveying နဲ့ ပါတ်သက်ပြီး Consultant အဖြစ် ၀န်ဆောင်မူ့ပေးပါတယ် အောက်က Link မှာ အသေးစိပ်ရေးထားပါတယ် ခင်ဗျာကျေးဇူးတင်ပါတယ်၊

http://www.pnpscan.com/2017/04/gnss-processing-services.html

Comments

Popular posts from this blog

Total Station အသုံးပြု၍ Level ပေးခြင်း

အခြေခံ Level တိုင်းတာခြင်း

GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်