Garmin Handheld GPS မှာ OSM မြန်မာမြေပုံထည့်နည်း

GARMIN GPS တွေကိုမြေပုံထည့်တာ နည်းအမျိုးမျိုးရှိမှာပါ၊ ကျွှန်တော်တို့ ကတော့ အလွယ်ဆုံးနည်းကိုပဲသုံးဖြစ်ပါတယ်၊ MAP ထဲမှာ Open Street Map ကိုကြိုက်တာလဲပါတော့၊ OSM ထည့်နည်းလေး မျှဝေချင်ပါတယ်၊
ပထမကတော့ Free ရပြီး OSM ကနေ ဘာညာ format တွေချိန်းစရာမလိုတဲ့ တန်း download  လုပ်ပြီးသွင်းလို့ရတာ ကတော့

http://garmin.openstreetmap.nl

Web site ကနေ ဒေါင်းတာပါ၊


Choose a predefined country ကနေ Asia နေရာကိုနှိပ်ပြီး၊ နောက် Union of Myanmar ကို ရှာလိုက်ပါတယ်၊


ဒါဆိုရင်တော့ မြန်မာမြေပုံကို select လုပ်လိုက်သလိုမြေပုံမှာမြင်ရမှာပါ၊


ပြီးရင်တော့ Request your Map နေရာမှာ Download နေရာမှာ click နှပ်ပြီး Download လုပ်နိုင်ပါပြီ၊ အသင့်မရှိသေးရင် Email ထားခဲ့ဖို့ အကွက်ကလေးပေါ်နေမှာပါ Email ရေးခဲ့ရင် အသင့်ဖြစ်တာနဲ့ Download Link ပို့ပေးပါလိမ့်မယ်၊ 

ရလာတဲ့ Link လေးကိုနှိပ်လိုက်ရင် ဒီလိုပေါ်လာပါလိမ့်မယ်၊ BaseCamp တို့ ဘာတို့ကသွင်းချင်ရင်လဲရပါတယ်၊ ဘာ Software  ကြားခံပြီး မသွင်းချင်ဘူး Copy Paste ပဲလုပ်ချင်တယ်ဆိုရင်တော့၊ အောက်ဆုံးက image ဖိုင်ကိုပဲ ဒေါင်းလိုက်ပါ၊

Complete ဒေါင်းပြီးရင်တော့ ဒီလို img ဖိုင်လေးရလာပါလိမ့်မယ်၊ 


ဘာမှ မလိုတော့ပါဘူး တခါထဲ GARMIN GPS ထဲ ကူးထည့်လိုက်ပါ၊ 



ပြီးရင် GPS ကို USB ကဖြုတ်၊ Power ဖွင့်၊ 

နောက်ပြီး Setting ကနေပြီး ဖြစ်ဖြစ်၊ Map setup ကိုသွားပါ၊

Map information နေရာမှာ Select Map ကို ခုဏကထည့်ထားတဲ့ 



OSM generic routable MMR (Date) လေးကိုနှိပ် Enable လုပ်ပေးလိုက်ပါ၊ အရင်သွင်းထားတဲ့ MAP  တွေကိုလဲ ကြည့်ရရှင်းချင်ရင် ခဏ Disable လုပ်လိုက်လို့ ရပါတယ်၊
ဒါဆိုရင်တော့ OSM မြန်မာမြေပုံလေးကို GARMIN GPS မှာတွေ့နိုင်ပါပြီ၊


မြန်မာမြေပုံကိုစတင်တွေ့ရမှာပါ၊ တစ်နိုင်ငံလုံးပါပါတယ်၊
အောက်ကပုံတွေမှာ ရန်ကုန်ကို zoom လုပ်ထားတဲ့ပုံတွေ ဖြစ်ပါတယ်၊






အားလုံးပဲ အဆင်ပြေကြပါစေ ခင်ဗျာ။

PS: အပေါ်က Website က မြန်မာမြေပုံ ဒေါင်းရတာအဆင်မပြေဘူးဆိုရင် May22,2017 က ဒေါင်းထားတဲ့ img ဖိုင်လေးကို အောက်က Link မှာ ယူနိုင်ပါတယ်၊











Comments

Popular posts from this blog

Total Station အသုံးပြု၍ Level ပေးခြင်း

အခြေခံ Level တိုင်းတာခြင်း

GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်