GPS Error လေးတွေ ဂရုပြုနိုင်အောင်ပါ

GPS ကို အသုံးပြုပြီးတိုင်းတာတော့မည် ဆိုရင်တော့ ကိုယ်တိုင်းတာလာလို့ရတဲ့ အဖြေက လွဲနေတာ၊ မဟုတ်နိုင်ဘူးလားလို့  ယုံကြည်စိတ်မချနိုင် ဖြစ်ဖူးကြမယ်ထင်ပါတယ်၊ ဟုတ်ပါတယ်၊ 
GPS  Surveying တစ်ခုအတွက် GPS  စက်ဘယ်အမျိုးအစားသုံးသုံး error တွေကတော့ ဒုနဲ့ဒေးပါပဲ၊
အခုက တော့ Survey နဲ့ ပါတ်သတ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ Error လေးတွေကိုဖေါ်ပြချင်ပါတယ်၊
ဒီထက်လဲ များများရှိပါသေးတယ်၊ အခုဟာက လက်လှမ်းမီသလောက်ပါ၊

Known Point ကနေရတဲ့ Error ပါ ၀ယ်လိုက် ပြီးတာပဲဆိုပေမဲ့၊ ကိုယ်ရလာတဲ့ ခုံ coordinate တန်ဖိုးက ဒီပွိုင့် အမှန်ဟုတ်ရဲ့လားသေချာစစ်သင့်ပါတယ်၊ နောက်တခု Known Point ခုံက အသေအချာ အခိုင်အမာ မဟုတ်ခဲ့လျှင်၊ အမှတ်အသားလေးကလဲ လူတိုက်လို့ဖြစ်ဖြစ် တခုခုကြောင့် နေရာရွေ့နိုင်ပါတယ်၊ နောက်တခုကတော့ မြေထုရွေ့လျား မှု့ကြောင့် အရင်တိုင်းခဲ့တဲ့ Coordinate က ရွေ့နေနိုင်ပါပြီ၊

နောက်တစ်ခုက Antenna ကပေးတဲ့  error ပါ၊ စက်အမြင့်တိုင်းတုန်းက လွဲထားတာမျိုး၊ ခုံပြန်ပွားတဲ့ အခါမှာလဲ အရင် ထိုင်ခဲ့တဲ့  Antenna နေရာ လွဲ မှားခဲ့တာမျိုးပါ၊ Processing လုပ်တဲ့ နေရာမှာ ကိုယ်အသုံးပြုခဲ့တဲ့ Antenna အမျိုးအစားကို သေချာ ပြန်ထည့်ပေးရပါတယ် ဂရုတစိုက် မထည့်ခဲ့ရင် လွဲမှားနိုင်ပါတယ်၊ တချိုး Processing software တွေကလဲ GPS စက်တိုင်းရဲ့ Antenna အကုန်ကို support မလုပ်ပါဘူး၊ Manual ထည့်ရတဲ့အခါ မှားနိုင်ပါတယ်။

နောက်တစ်ခုက Satellite ပတ်လမ်းတွေက ပေးတဲ့  Error ပါ၊ သူကတော့ ကိုယ်ဘက်က ဘာမှမလုပ်နိုင်ပါဘူး၊ Processing လုပ်တဲ့အခါမှာ Orbital error file လေးကို Download လုပ်ပြီး ထည့်တွက်ပေးရပါတယ်၊ ဂရုပြုရပါ့မယ်၊ မဟုတ်ရင်တော့ အဖြေက မှားနေမှာဖြစ်ပါတယ်၊ (အသေးစိပ် ထည့်တွက်နည်းကို နောက်များတွင် ဖေါ်ပြပါမည်)

နာရီ အမှားပါ၊ Satellite clock တွေ GPS clock error တွေ၊ ဒါတွေက တော့ နောက်ပိုင်း စက်တွေ တိုင်းတာနည်းတွေ processing  သေချာစနစ်တကျ တိုင်းတာခဲ့မယ် တွက်မယ်ဆိုရင် ဖယ်ထုပ်ပြီးသားဖြစ်နေမှာပါ၊ တိုင်းတာဖို့ အတွက် Planning ကောင်းကောင်း Processing နည်းတွေ ကောင်းကောင်း ပြုလုပ်ပေးဖို့ လိုပါတယ်၊

Ionospheric  တို့ ၊ Tropospheric တို့ကပေးတဲ့ error တွေ၊ နောက် Multipath error တွေ၊ ဒါတွေကလဲ Dual Frequencies တွေ GNSS တွေ စက် အမျိုးအစားတွေပေါ်မူတည်ပြီး ဖယ်ထုပ်နိုင်နေပါပြီ၊ တိုင်းတာ တာနဲ့၊ Processing လုပ်တဲ့နေရာမှာသာ ဂရုစိုက်ရင် စိတ်ပူစရာမလိုတော့ပါဘူး၊  

Human Error ကတော့ ရေးမကုန်နိုင်ပါဘူး၊ ကျွမ်းကျင်သူတိုင်းမယ်ဆိုရင် ကောင်းမွန်တိကျတဲ့ အဖြေရမှာပါ၊

နောက်ဆုံးကတော့  တွက်ချက်တဲ့ နေရာမှာပါ၊ Software တွေကတော့ များပြားပြီး လွယ်ကူကြပါတယ်၊ ဒါပေမဲ့ သေချာ သီအိုရီသဘောကိုသိပြီး အချက်အလက် မှန်မှန်ကန်ကန်ဖြည့်နိုင်ပြီး တွက်နိုင်ဖို့လိုအပ်ပါတယ်၊ ဒါမှ မှန်ကန်တဲ့ အဖြေတစ်ခုပေးနိုင်မှာပါ၊ 

အခြား အများအပြား error တွေရှိနိုင်ပါသေးတယ်၊ မှန်ကန်တဲ့ တိုင်းတာနည်း၊ တွက်ချက်ပုံတွေနဲ့ error များရှောင်နိုင်ရင်း ကောင်းမွန်တိကျတဲ့ အဖြေတွေ ရရှိနိုင်ပါစေ။


Comments

Popular posts from this blog

Total Station အသုံးပြု၍ Level ပေးခြင်း

အခြေခံ Level တိုင်းတာခြင်း

GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်