Levelling (HI Method & Rise and Fall Method)

တိမ်မရောင်နဲ့နက် လွယ်မယောင်နဲ့ခက်တဲ့ Survey ပညာရပ်ထဲမှာမှ အရိုးရှင်းဆုံးနဲ့ အခက်ခဲဆုံးကတော့ Level ပါပဲ ။ Total Station အသုံးပြုရသလို ခလုတ်တွေ နှိပ်စရာမလို မျက်စိနဲ့ ကြည့်ရုံသက်သက်သာ လိုအပ်ပေမယ့် ပညာရပ်ပိုင်းဆိုင်ရာအရတော့ နက်နဲမှုတွေ အများကြီး ရှိပါတယ် ။ သာမန် ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုစာလောက်မှာ တစ်နေရာကနေ တစ်နေရာကို Level တန်ဖိုးတွေ သယ်ရတာ မပြောပလောက်ပေမယ့် ဝေးလံတဲ့နေရာတစ်ခုကို သယ်မယ်ဆိုရင်တော့ စဉ်းစားရပါပြီ ။ နည်းလမ်းနှစ်ခု ရှိတဲ့အထဲက HI Method ကို သုံးမလား ၊ Rise & Fall Method ကို သုံးမလား ။ ဘယ်နည်းလမ်းက တွက်ချက်ရတာ ပိုအဆင်ပြေမလဲ ။ စသည်ဖြင့် စဉ်းစားလာရပါတော့တယ် ။ အကောင်းဆုံးနည်းးကတော့ ကျွမ်းကျင်ရာ လိမ္မာရာ ဆိုသလို မိမိ နားလည်သဘောပေါက်ပြီး အကျွမ်းတဝင်ရှိတဲ့ နည်းလမ်းကသာ မိမိအတွက် အကောင်းဆုံး ဖြစ်မှာပါ ။ သို့သော်လည်း နည်းလမ်းနှစ်ခုစလုံးကို နားလည်သဘောပေါက်ထားခြင်းအားဖြင့် လုပ်ငန်းခွင်မှာ ရွေးချယ်စရာ ရှိလာမှာပါ ။ 
Method နှစ်ခုကြားမှာ အဓိက ကွာခြားတာကတော့ Field Book ထဲမှာ Record လုပ်တဲ့ အပိုင်းပါပဲ ။ Record လုပ်ပုံ အနည်းငယ်ကွာခြားတာနဲ့အတူ တွက်ချက်ပုံလေးတွေလဲ အနည်းငယ်ကွာခြားသွားနိုင်ပါတယ် ။ အခြေခံ သဘောတရားချင်းကတော့ အတူတူပါပဲ ။ Method နှစ်ခုအကြောင်းကို ရှင်းပြနိုင်ဖို့ ကြိုးစားကြည့်ပေမယ့် ဘဲဥအစရှာမရသလို ဘယ်ကစလို့ စရမလဲ စဉ်းစားရခက်ခဲလှပါတယ် ။ မိမိရဲ့ အတွေ့အကြုံပိုင်းဆိုင်ရာ အားနည်းမှုကြောင့်ပဲ ဖြစ်မှာပါ ။ Surveying (Problem Solving with Theory and Objective Type Questions) စာအုပ်မှာ ရှင်းပြထားတဲ့ ပုံစံကတော့ နားလည်လွယ်နိုင်တဲ့အတွက် စာအုပ်ထဲက ပုံတွေကို တိုက်ရိုက်ဖော်ပြပေးလိုက်ပါတယ် ။ အလွယ်တကူ နားလည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ။

(Photos - Credit)








Comments

Popular posts from this blog

Total Station အသုံးပြု၍ Level ပေးခြင်း

အခြေခံ Level တိုင်းတာခြင်း

GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်