Online GNSS Processing လုပ်ဆောင်လို့ရမယ် Sites တွေပါ၊

ကျွန်တော်တို့ GPS တိုင်းတဲ့ နေရာမှာ known point မရှိလို့ပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာက ၀ယ်လို့ အဆင်မပြေလို့ပဲဖြစ်ဖြစ်၊ သိတဲ့ known point က အရမ်းဝေးနေလို့ပဲဖြစ်ဖြစ် အဲ့ဒီလိုမျိုး ကြုံလာခဲ့ရင် ကိုယ် ကိုအလုပ်အပ်တဲ့သူကလဲ လက်ခံမယ်ဆိုရင် GPS တစ်လုံးထဲနဲ့ Base Point ကို Precise Point Processing (PPP) နည်းနှင့် တွက်ယူနိုင်ပါတယ်။ 
Online ပါ အခမဲ့ပါ၊ မည်သူမဆိုပါ။ လက်လှမ်းမှီသလောက် Web လိပ်စာတွေပေးထားပါတယ်။

**************************
တိုင်းတာနည်း
**************************

Static နဲ့ တိုင်းပါ GNSS ဖြစ်တာပိုကောင်းပါတယ် 
ကိုယ် GPS စက်က L1 L2 L5 ရနိင်သမျှ အကုန်ရတာ တိုင်းပါ။
၁ စက္ကန့် interval နဲ့ ဆို ပိုကောင်းပါတယ် 
အနည်းဆုံးတိုင်းတာချိန် (၄) နာရီနှင့်အထက် တိုင်းရပါမယ်။ 
အချိန်မရ လို့ဆိုရင်လဲ ၂ နာရီ အနည်းဆုံးတော့ တိုင်းသင့်ပါတယ်။ 

အောက်က Web link  တစ်ခုခုထဲကကြိုက်တာနဲ့ တွက်တာနိုင်ပါတယ် 
မိမိ တွက်ချင်သည့် Rinex file ကို upload လုပ်ရုံပါပဲ 
အဖြေကို ကိုယ်ထည့်လိုက်တဲ့  email ကိုပြန်ပို့ပေးပါတယ် (၅ မိနစ် ၁၀ မိနစ်ခန့်အတွင်း)
***************************
(၁) Trimble ကပါ 
coordinate system ရွေးပါ tectonic plate ရွေးပါ ကိုတွက်မယ် GPS ရဲ့ rinex ကို upload လုပ်ပါ.

http://www.trimblertx.com/UploadForm.aspx

(၂) နာဆာက သူက file size  ကြီး ရင် မရဘူး။ 

(၃) အကြိုက်ဆုံးပဲ ဘာ register မှလုပ်စရာမလိုပါဘူး ကိုယ် GPS ရဲ့ အမြင့် အင်တာနာ အမျိုးအစားစသည်များထည့်ရုံပါပဲ 

(၄) ကနေဒါက သူက register  လုပ်ရတယ် ပထမတစ်ခါ အဖြေကိုတော့ လှလှ ပပ ပုံလေးတွေနဲ့ ထုပ်ပေးတယ်
https://webapp.geod.nrcan.gc.ca/geod/tools-outils/ppp.php




တခြား Online ကနေ တွက်ပေးတဲ့ Site တွေ ရှိပါသေးတယ်၊
GNSS Surveying မှာ တိုးတက် နိုင်ကြပါစေ၊









Comments

Popular posts from this blog

Total Station အသုံးပြု၍ Level ပေးခြင်း

အခြေခံ Level တိုင်းတာခြင်း

GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်