Posts

Showing posts from June, 2017

Total Station အသုံးပြု၍ Level ပေးခြင်း

Image
Total Station အသုံးပြု၍ Level တိုင်းတာဟာ Level စက်ကို သုံးတာလောက် စိတ်မချရပါဘူး ။ Level တိုင်းဖို့အတွက်ပဲ အထူးပြုထားတဲ့စက်ဟာ Level တိုင်းတဲ့နေရာမှာတော့ အကောင်းဆုံးပါပဲ ။ ဒါပေမယ့်လဲ တစ်ခါတစ်လေ သိပ်ပြီး တိကျစရာမလိုတဲ့အခါမျိုး၊ Level စက်မရှိတဲ့အခါမျိုးတွေမှာတော့ Total Station ကို အလွယ်တကူ အသုံးပြုလို့ ရပါတယ် ။ တစ်ချို့ကလဲ VPM သုံးပြီး တိုင်းကြသလို နည်းလမ်းအမျိုးမျိုးလဲ ရှိကြမှာပါ ။ အခုနည်းလမ်းကတော့ လေ့လာကာစ Junior Su rveyor တွေအတွက် အလွယ်ကူဆုံး ဖြစ်မယ်ထင်ပါတယ် ။ ပထမဆုံး မူလ Level အမှတ်နဲ့ မိမိပေးလိုတဲ့နေရာ နှစ်ခုစလုံးကို မြင်ရတဲ့နေရာမှာ Station Set-up အရင်လုပ်ပါ ။ Backsight ကြည့်စရာလဲ မလိုသလို Instrument Height လဲ တိုင်းစရာ မလိုပါဘူး ။ မူလ Level အမှတ်ရှိတဲ့နေရာမှာ Prism ထောက်ပြီး Data Collect လုပ်ပါ (Prism Height ကို 0 ထားပြီးမှ ဖတ်ပါ) ။ NEZ ပေါ်လာပါလိမ့်မယ် ။ Level ပေးမှာ ဖြစ်တဲ့အတွက် Z တန်ဖိုးကိုပဲ ကြည့်ဖို့လိုပါလိမ့်မယ် ။ Z တန်ဖိုးမှာ ကိန်းဂဏန်း တစ်ခုခုပေါ်နေပါလိမ့်မယ် ။ မူလ Level အမှတ်ဟာ 5m အမြင့်ရှိတယ်ဆိုရင် Prism Height မှာ ဂဏန်းတစ်ခုခုထည့်ပေးပြီး Z တန်ဖိုး 5m ပေါ်လာအောင် လုပ်ပါ ။

Resection

Image
Total Station ဆိုတာဟာ Theodolite ကို အဆင့်မြှင့်တင်ထားတဲ့ အရာ တစ်ခုသာ ဖြစ်ပါတယ် ။ တွက်ချက်မှုတွေ ပြုလုပ်နိုင်တဲ့ ကွန်ပျူတာ စနစ်ကို ထည့်သွင်းထားတဲ့အတွက် ခလုတ်ကလေးတွေ နှိပ်လိုက်ရုံနဲ့ တိုင်းတာပြီးသားဖြစ်သလို လိုအပ်တဲ့ တွက်ချက်မှုတွေကိုပါ တစ်ပါတည်း တွက်ပေးပါတယ် ။ အခြေခံကတော့ Theodolite တစ်ခုလို ထောင့်(Angle) နဲ့ အကွာအဝေး(Distance) တွေကို တိုင်းတာ တွက်ချက်ခြင်းသာ ဖြစ်ပါတယ် ။  Total Station ကို အသုံးပြုပြီးတော့ Free Station(သို့) Resection ထိုင်တဲ့အခါ စက်ကနေ တိုင်းတာလို့  ရရှိလာတဲ့ ထောင့်(Angle) နဲ့ အကွာအဝေး(Distance) တို့ပေါ်မူတည်ပြီး တွက်ချက်တာပဲ ဖြစ်ပါတယ် ။ မူလ Bench Mark နှစ်ခုမှာ ရှိတဲ့Error ၊ အသုံးပြုသူ၏ Error ၊ Instrument Error တို့ပေါ် မူတည်ပြီး တိုင်းတာရရှိလာတဲ့ တန်ဖိုးတွေကို သီအိုရီထဲမှာ ထည့်သွင်းတွက်ချက်တာ ဖြစ်တဲ့အတွက် အထက်ပါ အချက်တွေပေါ်မူတည်ပြီး တိုင်းတာ ရရှိလာတဲ့ ထောင့်(Angle) နဲ့ အကွာအဝေး တို့ မှာ Error ရှိနေမယ်ဆိုရင်တော့ တွက်ချက်မှုတွေကလဲ မှားယွင်းနေမှာ ဖြစ်ပါတယ် ။ မူလ တိုင်းတာ ရရှိလာတဲ့ ထောင့်(Angle) နဲ့ အကွာအဝေး တို့မှာ Error မရှိဘူး ဆိုရင်တော့ တွက်ချက်မှုတွေဟာ မှန်ကန်နေမှာ ပ

အခြေခံ Level တိုင်းတာခြင်း

Image
ဆောက်လုပ်ရေး လုပ်ငန်းတိုင်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ Level တိုင်းတာဖို့ မရှိမဖြစ် လိုအပ်ပါတယ် ။ Spirit Level ၊ ပိုက်ရေချိန် မှသည် Auto Level, Digital Level တွေ တိုင်းတာသည် အထိ သက်ဆိုင်ရာ လုပ်ငန်းခွင်နဲ့ လိုက်လျောညီထွေရှိမယ့် ကိရိယာတွေကို အသုံးပြုကြပါတယ် ။ အထပ်မြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တိုင်းတာရေး တာဝန်အတွက် Surveyor သက်သက်ရှိပေမယ့် Surveyor မရှိတဲ့ သာမန် အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အင်ဂျင်နီယာကပဲ တိုင်းတာကြရပါတယ် ။ ဒါကြောင့် Level တိုင်းတာခြင်း လုပ်ငန်းဟာ မြို့ပြအင်ဂျင်နီယာတွေအနေနဲ့ သိထားသင့်တဲ့ လုပ်ငန်း တစ်ခု ဖြစ်ပါတယ် ။ အခု post ကတော့ Auto Level တိုင်းတာတဲ့ လုပ်ငန်းအကြောင်း အခြေခံ လောက်ကို နားလည်လွယ်အောင် ရှင်းပြသွားမှာ ဖြစ်ပါတယ် ။ Auto Level စက်တွေကို အနီးစပ်ဆုံး နမူနာပေးရရင် ပိုက်ရေချိန်နဲ့ သဘောတရားခြင်း တူပါတယ် ။ အမှတ်တစ်ခုနဲ့ တူညီတဲ့ နောက်အမှတ်တစ်ခုကို ပိုက်ရေချိန်လိုမျိုး လုပ်ပေးနိုင်ပါတယ် ။ ပိုက်ရေချိန်သုံးပြီး Level တိုင်းတာမယ် ဆိုကြပါစို့ ။ ပိုက်ထဲက ရေမျက်နှာပြင်ထိပ်ကလေးနဲ့ မိမိကူးယူလိုတဲ့ အမှတ်ကလေးမှာထောက်၊ ပိုက်ရဲ့ ကျန်တဲ့တစ်ဖက်ကို မိမိလိုချင်တဲ့ နေရ

GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်

Image
GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်၊ ဘယ်လောက်ကြာကြာ စက်ဖွင့်ထားရမလဲ၊ ဒါကို မေးရင်တော့ ကြာကြာ တိုင်းထားနိုင်လေကောင်းလေဆိုတာ ဆာဗေယာ အားလုံး အသိပါပဲ၊ Point တစ်ခုနှင့်တစ်ခု အကွာအဝေးနဲ့ တိုင်းတာချိန်ကို သတ်မှတ်နိုင်ပါတယ်။ Known Point အကွာအဝေးက ၁၀ ကီလိုမီတာ အတွင်းဆိုရင် GPS ကို Static နဲ့ အနည်းဆုံး (၄၅) မိနစ်ဆိုရနိုင်ပါတယ်၊ ၁၀ ကနေ ၄၀ အတွင်းဆိုရင်တော့ (၁) နာရီလောက်ပါ၊ ၄၀ ကနေ ၁၀၀ အတွင်းဆိုရင်တော့ (၂) နာရီ၊ ၁၀၀ ကနေ ၂၀၀ အတွင်း (၃) နာရီ၊ ၂၀၀ ကီလိုမီတာ ကနေ အထက် ဝေးတယ်ဆိုရင်တော့ (၄) နာရီ အထက်တိုင်းပေးရင် အကောင်းဆုံးပါ၊ အထက်ပါ ပြောခဲ့တဲ့ ကြာချိန်တွေက ပုံမှန်ရိုးရိုး ဆာဗေးတစ်ခုအတွက်ပါ National ခုံတွေ အတွက်ကတော့ သေချာ Plan ချ တိုင်းတာရမှာပါ၊ နောက်တစ်ခုက GPS တိုင်းတဲ့ နေရာမှာလဲ ကောင်းကင်ရှင်းရှင်းလင်းလင်း မြင်ရတဲ့နေရာ၊ PDOP တန်ဖိုးတွေ မများတဲ့ အချိန်၊ တခြား  error  တွေ မများတဲ့ အခါမျိုးတွေမှာပါ၊ Reference : Professional Surveyor guidline ထဲကပါ၊