Resection

Total Station ဆိုတာဟာ Theodolite ကို အဆင့်မြှင့်တင်ထားတဲ့ အရာ တစ်ခုသာ ဖြစ်ပါတယ် ။ တွက်ချက်မှုတွေ ပြုလုပ်နိုင်တဲ့ ကွန်ပျူတာ စနစ်ကို ထည့်သွင်းထားတဲ့အတွက် ခလုတ်ကလေးတွေ နှိပ်လိုက်ရုံနဲ့ တိုင်းတာပြီးသားဖြစ်သလို လိုအပ်တဲ့ တွက်ချက်မှုတွေကိုပါ တစ်ပါတည်း တွက်ပေးပါတယ် ။ အခြေခံကတော့ Theodolite တစ်ခုလို ထောင့်(Angle) နဲ့ အကွာအဝေး(Distance) တွေကို တိုင်းတာ တွက်ချက်ခြင်းသာ ဖြစ်ပါတယ် ။ 
Total Station ကို အသုံးပြုပြီးတော့ Free Station(သို့) Resection ထိုင်တဲ့အခါ စက်ကနေ တိုင်းတာလို့ ရရှိလာတဲ့ ထောင့်(Angle) နဲ့ အကွာအဝေး(Distance) တို့ပေါ်မူတည်ပြီး တွက်ချက်တာပဲ ဖြစ်ပါတယ် ။ မူလ Bench Mark နှစ်ခုမှာ ရှိတဲ့Error ၊ အသုံးပြုသူ၏ Error ၊ Instrument Error တို့ပေါ် မူတည်ပြီး တိုင်းတာရရှိလာတဲ့ တန်ဖိုးတွေကို သီအိုရီထဲမှာ ထည့်သွင်းတွက်ချက်တာ ဖြစ်တဲ့အတွက် အထက်ပါ အချက်တွေပေါ်မူတည်ပြီး တိုင်းတာ ရရှိလာတဲ့ ထောင့်(Angle) နဲ့ အကွာအဝေး တို့ မှာ Error ရှိနေမယ်ဆိုရင်တော့ တွက်ချက်မှုတွေကလဲ မှားယွင်းနေမှာ ဖြစ်ပါတယ် ။ မူလ တိုင်းတာ ရရှိလာတဲ့ ထောင့်(Angle) နဲ့ အကွာအဝေး တို့မှာ Error မရှိဘူး ဆိုရင်တော့ တွက်ချက်မှုတွေဟာ မှန်ကန်နေမှာ ပါပဲ ။ သို့သော်လည်း Everything has error ဆိုသလို မည်သည့်အရာမဆို အမှား ရှိနေမှာ ဖြစ်တဲ့အတွက် အနည်းနဲ့အများတော့ မှားနေမှာ ပါပဲ ။ သို့သော် စေ့စပ်သေချာစွာ တိုင်းတာမယ်ဆိုရင် Intersection and Resection Method တွေဟာ ယုံကြည်စိတ်ချစွာ အသုံးပြုလို့ ရပါကြောင်း …………..။


Comments

Popular posts from this blog

Total Station အသုံးပြု၍ Level ပေးခြင်း

အခြေခံ Level တိုင်းတာခြင်း

GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်