Topographic Surveying

ေဆာက္လုပ္ေရးလုပ္ငန္းလုပ္တဲ့ Surveyor ပင္ ျဖစ္လင့္ကစား Topographic Surveying နဲ႔ေတာ့ ကင္းကြာလို႔ မရႏိုင္ပါဘူး ။ Volume တြက္ခ်င္တာမ်ိဳးပဲ ျဖစ္ေစ၊ ဧရိယာအက်ယ္အဝန္း သိခ်င္တာပဲ ျဖစ္ေစ၊ Drawing ထပ္ဖို႔အတြက္ပဲ ျဖစ္ေစ ရည္ရြယ္ခ်က္အမ်ိဳးမ်ိဳးအတြက္ Topographic Surveying လုပ္ၾကရပါတယ္။ ဆိုဒ္အက်ယ္အဝန္း ၊ Client ရဲ႕ လိုအပ္ခ်က္ ေပၚမူတည္ၿပီး အသံုးျပဳရတဲ့စက္ပစၥည္းနဲ႔ လူအင္အားအနည္းအမ်ားေတာ့ ကြာျခားသြားတတ္ပါတယ္ ။ Topo ေကာက္တဲ့အခါ သတိထားရမယ့္ အခ်က္ေတြနဲ႔ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေလးေတြကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္ ။
(၁) Field Book ေဆာင္ပါ
ဧရိယာက်ဥ္းတဲ့ဆိုဒ္မ်ိဳးမွာ Field Book မသံုးရင္ အဆင္ေျပေလာက္ေပမယ့္ ဧရိယာက်ယ္တဲ့ဆိုဒ္မ်ိဳးမွာေတာ့ Field Book မသံုးရင္ အဆင္မေျပႏိုင္ေလာက္ပါဘူး။ BM ဘယ္ေလာက္မွာ စက္ထိုင္ၿပီး BM ဘယ္ေလာက္ကို Backsight ၾကည့္တယ္။ Point နံပါတ္ ဘယ္ေလာက္ကေန ဘယ္ေလာက္အထိ Data Collect လုပ္ခဲ့တယ္ ။ BM ဘယ္ေလာက္ကို Foresight ပစ္ခဲ့တယ္ဆိုတဲ့အခ်က္ကေလးေတြကို မွတ္ထားသင့္ပါတယ္ ။ စက္ေျပာင္းထိုင္ရတဲ့ေနရာမ်ားေလ ေမ့သြားတတ္ေလ ျဖစ္လို႔ပါ ။ On Ground မွာျဖစ္ေစ Data Processing လုပ္တဲ့အခါမွာျဖစ္ေစ ေမ့တဲ့အခ်ိန္တိုင္း ျပန္ၾကည့္လို႔ရတဲ့အတြက္ On Ground မွာ Bearing မလည္ေအာင္ Field Book က တစ္ဖက္တစ္လမ္းကေန အေထာက္အကူ ျဖစ္ေစမွာပါ။ အကယ္၍ On Ground မွာ Bearing လည္ခဲ့ရင္ေတာင္ ပံုဆြဲတဲ့အခ်ိန္မွာ ျပန္ျပင္လို႔ရေအာင္ Field Book က ကူညီေပးပါလိမ့္မည္။
(၂) Point Code ေျပာင္းရန္ Pole Height ေျပာင္းရန္ အျမဲသတိရွိပါေစ
လုပ္ေနက်လူေတြအတြက္ အထူးဂရုစိုက္စရာ မလိုအပ္ေပမယ့္ လုပ္ေနက်မဟုတ္တဲ့ Construction Surveyor ေတြအတြက္ေတာ့ ေတာ္ေတာ္ကို ဂရုစိုက္ရတဲ့ အလုပ္ပါ။ Point Code မွားသြားတာနဲ႔ ပံုုျပန္ဆြဲတဲ့အခါမွာ ဘယ္လိုဆြဲရမလဲ မသိေတာ့တာမ်ိဳး ျဖစ္တတ္လို႔ပါ ။ တိုင္းေနရင္းနဲ႔မွားသြားခဲ့တဲ့အခါမ်ိဳးမွာလဲ Field Book ထဲမွာ သိသိခ်င္းေရးမွတ္သင့္ပါတယ္။
(၃) Elevation အျမင့္ဆံုးေနရာနဲ႔ အနိမ့္ဆံုးေနရာမ်ားကို သတိထား၍ တိုင္းတာပါ 
ျပင္ညီေလ်ာေစာက္တစ္ခုကို တိုင္းတာတဲ့အခါမ်ိဳးမွာ အျမင့့္ဆံုးေနရာမွာ တစ္ပြိဳင့္ေကာက္ အနိမ့္ဆံုးေနရာမွာ တစ္ပြြိဳင့္ေကာက္ထားျခင္းအားျဖင့္ ကြန္ဒိုရစ္တဲ့အခါ အမွတ္နွစ္ခုၾကားအကြာအေဝးေပၚမူတည္ၿပီး ေလ်ာေစာက္တစ္ခုအျဖစ္ပံုေပၚေစမွာ ျဖစ္ပါတယ္။ ထိပ္ဝဧရိယာက်ဥ္းၿပီး ေအာက္ေျခ ဧရိယာက်ယ္တဲ့ အဝိုင္းပံုေတာင္ကုန္းတစ္ခုကို တိုင္းတာတဲ့အခါမ်ိဳးမွာ Elevation အျမင့္ဆံုးျဖစ္တဲ့ ထိပ္ဝပတ္ပတ္လည္ကို တိုင္း၊ Elevation အနိမ့္ဆံုးျဖစ္တဲ့ေအာက္ေျခပတ္ပတ္လည္ကို တိုင္းမယ္ဆိုရင္ လံုေလာက္ပါၿပီ။ (မညီညာတဲ့ေလ်ာက္ေစာက္ေတြရွိေနတယ္ဆိုရင္ေတာ့ ၾကားထဲမွာ တိုင္းေပးဖို႔ လိုအပ္ပါတယ္။)
(၄) Point Code မ်ားကို ရွင္းလင္းေအာင္ မွတ္သားပါ 
ေျမပံု ျပန္ဆြဲတဲ့အခါ Point code က အသက္လို႔ ေျပာရမွာပါ ။ ရႈပ္ေထြးတဲ့ေနရာမ်ိဳးကို တိုင္းတာတဲ့အခါမွာ Point code မ်ားကို ေသခ်ာမွတ္သားဖို႔ လိုအပ္ပါတယ္။ Point Code မ်ားတိုင္းလဲ မေကာင္းသလို Point Code နည္းလြန္းရင္လဲ ပံုဆြဲတဲ့အခါမွာ ရႈပ္ေထြးမႈေတြ ျဖစ္တတ္ပါတယ္။ မိမိမွတ္လိုက္တဲ့ Point Code က မိမိမွတ္မိလြယ္တာမ်ိဳးျဖစ္ရင္ ပုိေကာင္းပါတယ္ ။ အေနအထားေပၚမူတည္ၿပီး ပံုဆြဲတဲ့အခါ လိုအပ္မယ့္ ေနရာေတြကို သိသာေအာင္ မွတ္သားသင့္ပါတယ္ ။
(၅) Safety First 
မိမိအသက္အႏၱရာယ္ လံုျခံဳမႈရွိဖို႔က အေရးအႀကီးဆံုးပါပဲ။ ေျမြ၊ ကင္း အႏၱရာယ္ ေညွာင့္စူး အႏၱရာယ္ကို အထူးဂရုစိုက္သင့္ၿပီး မိမိအတြက္ အႏၱရာယ္ကင္းၿပီး သက္ေတာင့္သက္သာရွိိေစမယ့္ အဝတ္အစားနဲ႔ ဖိနပ္တို႔ကို ဝတ္ဆင္သင့္ပါတယ္။ ေတာေတာင္ထဲသြားတဲ့အခါမ်ိဳးမွာ အေရးေပၚသံုးမယ့္ေဆးနဲ႔ မိမိႀကိဳက္ႏွစ္သက္ရာ အကိုက္အခဲေပ်ာက္ေဆးတစ္မ်ိဳးမ်ိဳးကို သယ္သြားသင့္ပါတယ္။
Topographic Surveying လုပ္ငန္းဟာ လက္ေတြ႔လုပ္ရတဲ့လုပ္ငန္းတစ္ခုျဖစ္တဲ့အတြက္ အကုန္အစင္စာေရးျပဖို႔ရာ မလြယ္ကူသလို အထက္မွာေျပာခဲ့တဲ့ အခ်က္ငါးခ်က္ေလာက္နဲ႔လဲ လံုေလာက္မွာ မဟုတ္ပါဘူး။ ေလ့လာေနတဲ့လူအခ်ိဳ႕အတြက္ေတာ့ အေထာက္အကူျဖစ္ေစႏိုင္မွာပါ ။ က်န္ရစ္ခဲ့တဲ့အခ်က္ေတြကို ဝိုင္းဝန္းေရးေပးၾကမယ္ဆိုရင္ျဖင့္ Junior Surveyor ေတြအတြက္ ျပည့္စံုတဲ့အခ်က္အလက္ေတြ ျဖစ္လာႏိုင္ပါတယ္။






ဆောက်လုပ်ရေးလုပ်ငန်းလုပ်တဲ့ Surveyor ပင် ဖြစ်လင့်ကစား Topographic Surveying နဲ့တော့ ကင်းကွာလို့ မရနိုင်ပါဘူး ။ Volume တွက်ချင်တာမျိုးပဲ ဖြစ်စေ၊ ဧရိယာအကျယ်အဝန်း သိချင်တာပဲ ဖြစ်စေ၊ Drawing ထပ်ဖို့အတွက်ပဲ ဖြစ်စေ ရည်ရွယ်ချက်အမျိုးမျိုးအတွက် Topographic Surveying လုပ်ကြရပါတယ်။ ဆိုဒ်အကျယ်အဝန်း ၊ Client ရဲ့ လိုအပ်ချက် ပေါ်မူတည်ပြီး အသုံးပြုရတဲ့စက်ပစ္စည်းနဲ့ လူအင်အားအနည်းအများတော့ ကွာခြားသွားတတ်ပါတယ် ။ Topo ကောက်တဲ့အခါ သတိထားရမယ့် အချက်တွေနဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ် ။
(၁) Field Book ဆောင်ပါ
ဧရိယာကျဉ်းတဲ့ဆိုဒ်မျိုးမှာ Field Book မသုံးရင် အဆင်ပြေလောက်ပေမယ့် ဧရိယာကျယ်တဲ့ဆိုဒ်မျိုးမှာတော့ Field Book မသုံးရင် အဆင်မပြေနိုင်လောက်ပါဘူး။ BM ဘယ်လောက်မှာ စက်ထိုင်ပြီး BM ဘယ်လောက်ကို Backsight ကြည့်တယ်။ Point နံပါတ် ဘယ်လောက်ကနေ ဘယ်လောက်အထိ Data Collect လုပ်ခဲ့တယ် ။ BM ဘယ်လောက်ကို Foresight ပစ်ခဲ့တယ်ဆိုတဲ့အချက်ကလေးတွေကို မှတ်ထားသင့်ပါတယ် ။ စက်ပြောင်းထိုင်ရတဲ့နေရာများလေ မေ့သွားတတ်လေ ဖြစ်လို့ပါ ။ On Ground မှာဖြစ်စေ Data Processing လုပ်တဲ့အခါမှာဖြစ်စေ မေ့တဲ့အချိန်တိုင်း ပြန်ကြည့်လို့ရတဲ့အတွက် On Ground မှာ Bearing မလည်အောင် Field Book က တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေမှာပါ။ အကယ်၍ On Ground မှာ Bearing လည်ခဲ့ရင်တောင် ပုံဆွဲတဲ့အချိန်မှာ ပြန်ပြင်လို့ရအောင် Field Book က ကူညီပေးပါလိမ့်မည်။
(၂) Point Code ပြောင်းရန် Pole Height ပြောင်းရန် အမြဲသတိရှိပါစေ
လုပ်နေကျလူတွေအတွက် အထူးဂရုစိုက်စရာ မလိုအပ်ပေမယ့် လုပ်နေကျမဟုတ်တဲ့ Construction Surveyor တွေအတွက်တော့ တော်တော်ကို ဂရုစိုက်ရတဲ့ အလုပ်ပါ။ Point Code မှားသွားတာနဲ့ ပုံပြန်ဆွဲတဲ့အခါမှာ ဘယ်လိုဆွဲရမလဲ မသိတော့တာမျိုး ဖြစ်တတ်လို့ပါ ။ တိုင်းနေရင်းနဲ့မှားသွားခဲ့တဲ့အခါမျိုးမှာလဲ Field Book ထဲမှာ သိသိချင်းရေးမှတ်သင့်ပါတယ်။
(၃) Elevation အမြင့်ဆုံးနေရာနဲ့ အနိမ့်ဆုံးနေရာများကို သတိထား၍ တိုင်းတာပါ
ပြင်ညီလျောစောက်တစ်ခုကို တိုင်းတာတဲ့အခါမျိုးမှာ အမြင့်ဆုံးနေရာမှာ တစ်ပွိုင့်ကောက် အနိမ့်ဆုံးနေရာမှာ တစ်ပွိုင့်ကောက်ထားခြင်းအားဖြင့် ကွန်ဒိုရစ်တဲ့အခါ အမှတ်နှစ်ခုကြားအကွာအဝေးပေါ်မူတည်ပြီး လျောစောက်တစ်ခုအဖြစ်ပုံပေါ်စေမှာ ဖြစ်ပါတယ်။ ထိပ်ဝဧရိယာကျဉ်းပြီး အောက်ခြေ ဧရိယာကျယ်တဲ့ အဝိုင်းပုံတောင်ကုန်းတစ်ခုကို တိုင်းတာတဲ့အခါမျိုးမှာ Elevation အမြင့်ဆုံးဖြစ်တဲ့ ထိပ်ဝပတ်ပတ်လည်ကို တိုင်း၊ Elevation အနိမ့်ဆုံးဖြစ်တဲ့အောက်ခြေပတ်ပတ်လည်ကို တိုင်းမယ်ဆိုရင် လုံလောက်ပါပြီ။ (မညီညာတဲ့လျောက်စောက်တွေရှိနေတယ်ဆိုရင်တော့ ကြားထဲမှာ တိုင်းပေးဖို့ လိုအပ်ပါတယ်။)
(၄) Point Code များကို ရှင်းလင်းအောင် မှတ်သားပါ
မြေပုံ ပြန်ဆွဲတဲ့အခါ Point code က အသက်လို့ ပြောရမှာပါ ။ ရှုပ်ထွေးတဲ့နေရာမျိုးကို တိုင်းတာတဲ့အခါမှာ Point code များကို သေချာမှတ်သားဖို့ လိုအပ်ပါတယ်။ Point Code များတိုင်းလဲ မကောင်းသလို Point Code နည်းလွန်းရင်လဲ ပုံဆွဲတဲ့အခါမှာ ရှုပ်ထွေးမှုတွေ ဖြစ်တတ်ပါတယ်။ မိမိမှတ်လိုက်တဲ့ Point Code က မိမိမှတ်မိလွယ်တာမျိုးဖြစ်ရင် ပိုကောင်းပါတယ် ။ အနေအထားပေါ်မူတည်ပြီး ပုံဆွဲတဲ့အခါ လိုအပ်မယ့် နေရာတွေကို သိသာအောင် မှတ်သားသင့်ပါတယ် ။
(၅) Safety First
မိမိအသက်အန္တရာယ် လုံခြုံမှုရှိဖို့က အရေးအကြီးဆုံးပါပဲ။ မြွေ၊ ကင်း အန္တရာယ် ညှောင့်စူး အန္တရာယ်ကို အထူးဂရုစိုက်သင့်ပြီး မိမိအတွက် အန္တရာယ်ကင်းပြီး သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားနဲ့ ဖိနပ်တို့ကို ဝတ်ဆင်သင့်ပါတယ်။ တောတောင်ထဲသွားတဲ့အခါမျိုးမှာ အရေးပေါ်သုံးမယ့်ဆေးနဲ့ မိမိကြိုက်နှစ်သက်ရာ အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးကို သယ်သွားသင့်ပါတယ်။
Topographic Surveying လုပ်ငန်းဟာ လက်တွေ့လုပ်ရတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အကုန်အစင်စာရေးပြဖို့ရာ မလွယ်ကူသလို အထက်မှာပြောခဲ့တဲ့ အချက်ငါးချက်လောက်နဲ့လဲ လုံလောက်မှာ မဟုတ်ပါဘူး။ လေ့လာနေတဲ့လူအချို့အတွက်တော့ အထောက်အကူဖြစ်စေနိုင်မှာပါ ။ ကျန်ရစ်ခဲ့တဲ့အချက်တွေကို ဝိုင်းဝန်းရေးပေးကြမယ်ဆိုရင်ဖြင့် Junior Surveyor တွေအတွက် ပြည့်စုံတဲ့အချက်အလက်တွေ ဖြစ်လာနိုင်ပါတယ်။



Comments

Popular posts from this blog

Total Station အသံုးျပဳ၍ Level ေပးျခင္း

အေျခခံ Level တိုင္းတာျခင္း

GPS ႏွင့္ Static ဆာေဗးတိုုင္းေတာ့မယ္ဆိုရင္