Posts

Showing posts from May, 2017

GPS Error လေးတွေ ဂရုပြုနိုင်အောင်ပါ

Image
GPS ကို အသုံးပြုပြီးတိုင်းတာတော့မည် ဆိုရင်တော့ ကိုယ်တိုင်းတာလာလို့ရတဲ့ အဖြေက လွဲနေတာ၊ မဟုတ်နိုင်ဘူးလားလို့  ယုံကြည်စိတ်မချနိုင် ဖြစ်ဖူးကြမယ်ထင်ပါတယ်၊ ဟုတ်ပါတယ်၊  GPS  Surveying တစ်ခုအတွက် GPS  စက်ဘယ်အမျိုးအစားသုံးသုံး error တွေကတော့ ဒုနဲ့ဒေးပါပဲ၊ အခုက တော့ Survey နဲ့ ပါတ်သတ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ Error လေးတွေကိုဖေါ်ပြချင်ပါတယ်၊ ဒီထက်လဲ များများရှိပါသေးတယ်၊ အခုဟာက လက်လှမ်းမီသလောက်ပါ၊ Known Point ကနေရတဲ့ Error ပါ ၀ယ်လိုက် ပြီးတာပဲဆိုပေမဲ့၊ ကိုယ်ရလာတဲ့ ခုံ coordinate တန်ဖိုးက ဒီပွိုင့် အမှန်ဟုတ်ရဲ့လားသေချာစစ်သင့်ပါတယ်၊ နောက်တခု Known Point ခုံက အသေအချာ အခိုင်အမာ မဟုတ်ခဲ့လျှင်၊ အမှတ်အသားလေးကလဲ လူတိုက်လို့ဖြစ်ဖြစ် တခုခုကြောင့် နေရာရွေ့နိုင်ပါတယ်၊ နောက်တခုကတော့ မြေထုရွေ့လျား မှု့ကြောင့် အရင်တိုင်းခဲ့တဲ့ Coordinate က ရွေ့နေနိုင်ပါပြီ၊ နောက်တစ်ခုက Antenna ကပေးတဲ့  error ပါ၊ စက်အမြင့်တိုင်းတုန်းက လွဲထားတာမျိုး၊ ခုံပြန်ပွားတဲ့ အခါမှာလဲ အရင် ထိုင်ခဲ့တဲ့  Antenna နေရာ လွဲ မှားခဲ့တာမျိုးပါ၊ Processing လုပ်တဲ့ နေရာမှာ ကိုယ်အသုံးပြုခဲ့တဲ့

Garmin Handheld GPS မှာ OSM မြန်မာမြေပုံထည့်နည်း

Image
GARMIN GPS တွေကိုမြေပုံထည့်တာ နည်းအမျိုးမျိုးရှိမှာပါ၊ ကျွှန်တော်တို့ ကတော့ အလွယ်ဆုံးနည်းကိုပဲသုံးဖြစ်ပါတယ်၊ MAP ထဲမှာ Open Street Map ကိုကြိုက်တာလဲပါတော့၊ OSM ထည့်နည်းလေး မျှဝေချင်ပါတယ်၊ ပထမကတော့ Free ရပြီး OSM ကနေ ဘာညာ format တွေချိန်းစရာမလိုတဲ့ တန်း download  လုပ်ပြီးသွင်းလို့ရတာ ကတော့ http://garmin.openstreetmap.nl Web site ကနေ ဒေါင်းတာပါ၊ Choose a predefined country ကနေ Asia နေရာကိုနှိပ်ပြီး၊ နောက် Union of Myanmar ကို ရှာလိုက်ပါတယ်၊ ဒါဆိုရင်တော့ မြန်မာမြေပုံကို select လုပ်လိုက်သလိုမြေပုံမှာမြင်ရမှာပါ၊ ပြီးရင်တော့ Request your Map နေရာမှာ Download နေရာမှာ click နှပ်ပြီး Download လုပ်နိုင်ပါပြီ၊ အသင့်မရှိသေးရင် Email ထားခဲ့ဖို့ အကွက်ကလေးပေါ်နေမှာပါ Email ရေးခဲ့ရင် အသင့်ဖြစ်တာနဲ့ Download Link ပို့ပေးပါလိမ့်မယ်၊  ရလာတဲ့ Link လေးကိုနှိပ်လိုက်ရင် ဒီလိုပေါ်လာပါလိမ့်မယ်၊ BaseCamp တို့ ဘာတို့ကသွင်းချင်ရင်လဲရပါတယ်၊ ဘာ Software  ကြားခံပြီး မသွင်းချင်ဘူး Copy Paste ပဲလုပ်ချင်တယ်ဆိုရင်တော့၊ အောက်ဆုံးက image ဖိုင်ကိုပဲ ဒေါင်းလိုက

Levelling (HI Method & Rise and Fall Method)

Image
တိမ်မရောင်နဲ့နက် လွယ်မယောင်နဲ့ခက်တဲ့ Survey ပညာရပ်ထဲမှာမှ အရိုးရှင်းဆုံးနဲ့ အခက်ခဲဆုံးကတော့ Level ပါပဲ ။ Total Station အသုံးပြုရသလို ခလုတ်တွေ နှိပ်စရာမလို မျက်စိနဲ့ ကြည့်ရုံသက်သက်သာ လိုအပ်ပေမယ့် ပညာရပ်ပိုင်းဆိုင်ရာအရတော့ နက်နဲမှုတွေ အများကြီး ရှိပါတယ် ။ သာမန် ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုစာလောက်မှာ တစ်နေရာကနေ တစ်နေရာကို Level တန်ဖိုးတွေ သယ်ရတာ မပြောပလောက်ပေမယ့် ဝေးလံတဲ့နေရာတစ်ခုကို သယ်မယ်ဆိုရင်တော့ စဉ်းစားရပါပြီ ။ နည်းလမ်းနှစ်ခု ရှိတဲ့အထဲက HI Method ကို သုံးမလား ၊ Rise & Fall Method ကို သုံးမလား ။ ဘယ်နည်းလမ်းက တွက်ချက်ရတာ ပိုအဆင်ပြေမလဲ ။ စသည်ဖြင့် စဉ်းစားလာရပါတော့တယ် ။ အကောင်းဆုံးနည်းးကတော့ ကျွမ်းကျင်ရာ လိမ္မာရာ ဆိုသလို မိမိ နားလည်သဘောပေါက်ပြီး အကျွမ်းတဝင်ရှိတဲ့ နည်းလမ်းကသာ မိမိအတွက် အကောင်းဆုံး ဖြစ်မှာပါ ။ သို့သော်လည်း နည်းလမ်းနှစ်ခုစလုံးကို နားလည်သဘောပေါက်ထားခြင်းအားဖြင့် လုပ်ငန်းခွင်မှာ ရွေးချယ်စရာ ရှိလာမှာပါ ။  Method နှစ်ခုကြားမှာ အဓိက ကွာခြားတာကတော့ Field Book ထဲမှာ Record လုပ်တဲ့ အပိုင်းပါပဲ ။ Record လုပ်ပုံ အနည်းငယ်ကွာခြားတာနဲ့အတူ တွက်ချက်ပုံလေးတွေလဲ အနည်းငယ်ကွာခြားသွားနိုင်

Online GNSS Processing လုပ်ဆောင်လို့ရမယ် Sites တွေပါ၊

Image
ကျွန်တော်တို့ GPS တိုင်းတဲ့ နေရာမှာ known point မရှိလို့ပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာက ၀ယ်လို့ အဆင်မပြေလို့ပဲဖြစ်ဖြစ်၊ သိတဲ့ known point က အရမ်းဝေးနေလို့ပဲဖြစ်ဖြစ် အဲ့ဒီလိုမျိုး ကြုံလာခဲ့ရင် ကိုယ် ကိုအလုပ်အပ်တဲ့သူကလဲ လက်ခံမယ်ဆိုရင် GPS တစ်လုံးထဲနဲ့ Base Point ကို Precise Point Processing (PPP) နည်းနှင့် တွက်ယူနိုင်ပါတယ်။  Online ပါ အခမဲ့ပါ၊ မည်သူမဆိုပါ။ လက်လှမ်းမှီသလောက် Web လိပ်စာတွေပေးထားပါတယ်။ ************************** တိုင်းတာနည်း ************************** Static နဲ့ တိုင်းပါ GNSS ဖြစ်တာပိုကောင်းပါတယ်  ကိုယ် GPS စက်က L1 L2 L5 ရနိင်သမျှ အကုန်ရတာ တိုင်းပါ။ ၁ စက္ကန့် interval နဲ့ ဆို ပိုကောင်းပါတယ်  အနည်းဆုံးတိုင်းတာချိန် (၄) နာရီနှင့်အထက် တိုင်းရပါမယ်။  အချိန်မရ လို့ဆိုရင်လဲ ၂ နာရီ အနည်းဆုံးတော့ တိုင်းသင့်ပါတယ်။  အောက်က Web link  တစ်ခုခုထဲကကြိုက်တာနဲ့ တွက်တာနိုင်ပါတယ်  မိမိ တွက်ချင်သည့် Rinex file ကို upload လုပ်ရုံပါပဲ  အဖြေကို ကိုယ်ထည့်လိုက်တဲ့  email ကိုပြန်ပို့ပေးပါတယ် (၅ မိနစ် ၁၀ မိနစ်ခန့်အတွင်း) ***************